" IT_Youth_Donation သို့ အဖွဲ့ နှင့်ပက်သက်ပြီး အသေးစိတ်သိလိုသူများ၊ အလှူငွေပါဝင်လှူဒါန်းချင်သူများအနေဖြင့်အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်။ နတ်သားလေး - 0973083241 လွမ်းပိုင်ရှင် - 0943136207။"

Sunday, November 20, 2011

Password တွေကို လုံခြုံအောင်ဘာတွေလုပ်မလဲ....။

လူဆိုတာ မေ့တတ်တဲ့မျိုးပါ..မမေ့တဲ့လူဆိုတာရှားပါတယ်..တစ်ခါတလေ
ထမင်းစားဖို့ တောင်မေ့တယ်(ဟင်းမကောင်းလို့ )...မဟုတ်ပါဘူး(အမေ့ကိုကြောက်လို့ )..အလုပ်တွေ အရမ်းများနေတာတို့ ..ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုအာရုံစိုက်ပြီး လုပ်နေတဲ့အချိန်ကျရင်ပေါ့ဗျာ..အမြဲတမ်းတစ်ခုခုကတော့မေ့နေကျပါ။
စီးပွားရေးလုပ်တဲ့ လူတွေဆိုပြောမနေတော့ဘူး...စီးပွားရေးကိစ္စတွေ..credit card number တွေ....
Visa password တွေနဲ့ Busyနေတဲ့ လူတွေ...အခုမှ IT လောကကို အကောင့် ၃ ၄ ကောင့်နဲ့ ခြေစုံပစ်
ဝင်လာတဲ့ လူငယ်တွေပေါ့ဗျာ...ကိုယ်သုံးနေတဲ့  passwordမေ့သွားတတ်ပါတယ်။Password မေ့သွားရင်ဘာမှ စိတ်ညစ်မနေနဲ့ နည်းပညာတွေ အများကြီးပဲ..Software တွေလွှင့်ပစ်လို့ မကုန်ဘူး။

တစ်ခုရှိသေးတယ်နော်...အခုက Software ပေါင်းစုံနဲ့ ဆိုတော့ ကလိချင်တဲ့သူတွေကလည်းပေါ..အိမ်မှာ သုံးတာဆိုရင်
ကိစ္စမရှိပါဘူး..ဆိုင်မှာသွားသုံးတယ်ဆိုရင်..ကျွန်တော့်အတွက်တစ်ခုလောက်တော့ အချိန်ပေးပါ..ကိုယ်သုံးမယ့်စက်..
မသုံးခင်ပေါ့ဗျာ..Ctrl+Shift+Esc လေးနှိပ်ပြီး taskmanager လေးခေါ်လိုက်ပါ(run box ထဲမှာ taskmgr ရိုက်လိုက်လည်းရတယ်နော်)..။ပြီးရင် Processes ဆိုတာကိုသွား PasswareKitB...ဆိုတဲ့ဟာလေးကို End Process
လုပ်လိုက်ပါ..ပြီးရင်တော့ စိတ်ချလက်ချသုံးလို့ ရပါပြီဗျာ..။မဟုတ်ရင်တော့ ကိုယ့်ရဲ့ အကောင့် Password တွေ..
Folder Password တွေကို auto save လုပ်ထားပြီးသားပဲဗျာ...။

အိမ်မှာသုံးတဲ့လူတွေကတော့ ဒီ software လေးကိုတင်ထားသင့်ပါတယ်..မေ့တတ်ရင်ပေါ့နော်..။လိုချင်ရင်လည်းပြော.
ကျွန်တော်ပို့ ပေးမှာပါ..။တစ်ဖက်သား ၀မ်းနည်းမှာကိုတော့
မလိုလားကြနဲ့ ပေါ့ဗျာ..။ဒါကတော့လုပ်ပုံလုပ်နည်း
အဆင့်ဆင့်ပေါ့ဗျာ...နာမည်က Passware Password Recovery Kit Basic Demo တဲ့ဗျာ..ရှုစားလိုက်ပါဦး...။






0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလည်လာရောက်သူ မိတ်ဆွေများ ကျန်းမာပါစေ ချမ်းသာကြပါစေ လို့ ဆုတောင်းပေးပါတယ်။