" IT_Youth_Donation သို့ အဖွဲ့ နှင့်ပက်သက်ပြီး အသေးစိတ်သိလိုသူများ၊ အလှူငွေပါဝင်လှူဒါန်းချင်သူများအနေဖြင့်အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်။ နတ်သားလေး - 0973083241 လွမ်းပိုင်ရှင် - 0943136207။"

Saturday, November 19, 2011

တတိယအကြိမ်




IT_Youth_Donation ရဲ့ တတိယအကြိမ်လှုပ်ရှားမှုလေးကို နိုဝင်ဘာ ၁၄ ရက်နေ့ တန်ဆောင်မုန်း

လပြည့်နေ့ တွင် မေတ္တာလူငယ်ပရဟိတအဖွဲ့ နှင့်အတူပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။မေတ္တာလူငယ်

အဖွဲ့ ခေါင်းဆောင်ကိုသားကြီးရဲ့ ဦးဆောင်မှုနဲ့ အတူ အရှေ့ ဒဂုံ အမှတ် ၁၅၅ ရပ်ကွက်အတွင်းရှိ

ချမ်းသာအောင်ပရဟိတကျောင်းသို့ ရောက်ခဲ့ပါတယ်။ကျောင်းရောက်ရောက်ချင်းမှာပဲ 

စာသင်ကျောင်းနှင့်ပက်သတ်တာများကို သီလရှင်ကြီးတစ်ဦးကလိုက်လံပြသပေးခဲ့ပါတယ်။

မှတ်တမ်းတင်ဓာတ်ပုံတွေရိုက်ပြီးမှပဲ၊ကလေးတွေကို ကားပေါ်တင်ကာ ကျွန်တော်တို့ ရဲ့ ခရီးစဉ်လေး

ကိုစတင်ခဲ့ပါတယ်။ဒဂုံအရှေ့ ပိုင်းရှိ ကဗွီးလမ်းနေ စေတနာရှင်မိသားစုတစ်စုက မိဘမဲ့ကလေးတွေနဲ့ 

ကျွန်တော်တို့ ကို နေ့ လည်စာစတုဒီသာနဲ့ ကျွေးမွေးကုသိုလ်ပြုလိုက်ပါတယ်။ဆက်လက်ပြီးတော့

နောက်အစီအစဉ်တစ်ခုဖြစ်တဲ့ တိရိစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ ဖို့ အတွက်ခရီးဆက်ခဲ့ကြပါတယ်။

လမ်းတစ်လျှောက်လုံးကလေးတွေကို ပုံပြောတဲ့သူကပြော၊စာဆိုခိုင်းတဲ့လူက ဆိုခိုင်းနဲ့ တော်တော်

ပျော်စရာကောင်းပါတယ်။တိရိစ္ဆာန်ရုံရောက်တော့လည်း သူတို့ လေးတွေကထင်ထားတာထက်ပိုပြီး

ပျော်ကြပါတယ်။ကျွန်တော်ပီတိလည်းအရမ်းဖြစ်မိပါတယ်။တိရိစ္ဆာန်ရုံကို ပတ်လို့ နှ့ံတဲ့အခါမှာတော့

ကစားကွင်းဘက်ကို ရောက်လာကြပါတယ်။သူတို့ ကစားချင်တာလေးတွေကို ကစားခိုင်းရင်း၊

စားချင်တာလေးတွေကို ၀ယ်ကျွေးရင်း ကုသိုလ်ပြုရတာကို ၀မ်းသာ ပီတိဖြစ်မိပါတယ်။

ကျောင်းပိတ်ရက်တွေမို့ နှစ်ယောက်တည်းလှုပ်ရှားခဲ့တဲ့ ပရဟိတလုပ်ငန်းစဉ်လေးကတော့အဖွဲ့ 

အတွက် မှတ်တမ်းတစ်ခုရေးထိုးပေးနိုင်ခဲ့ပြီဖြစ်လို့ ဝမ်းသာပီတိဖြစ်မိပါတော့တယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလည်လာရောက်သူ မိတ်ဆွေများ ကျန်းမာပါစေ ချမ်းသာကြပါစေ လို့ ဆုတောင်းပေးပါတယ်။