" IT_Youth_Donation သို့ အဖွဲ့ နှင့်ပက်သက်ပြီး အသေးစိတ်သိလိုသူများ၊ အလှူငွေပါဝင်လှူဒါန်းချင်သူများအနေဖြင့်အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်။ နတ်သားလေး - 0973083241 လွမ်းပိုင်ရှင် - 0943136207။"

Saturday, December 24, 2011

IT_Youth_Donation မှ အလှူပြုမှတ်တမ်းနှင့် ကျေးဇူးတင်လွှာ


ဘိုင်ပင်ဂူရွာလေးသို့ သွားရောက်လှူဒါန်းမှုပြီးမြောက်ခြင်းအတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီကြသော အလှူရှင်များနှင့် ပရဟိတအဖွဲ့
ပေါင်းစုံမှ လူကြီးမင်းများအား အထူးကျေးဇူးတင်ရှိခြင်းနှင့် ဂုဏ်ပြုအပ်ပါသည်။







အလှူပစ္စည်းများမျှဝေနေစဉ်

ကလေးငယ်များနှင့်အမှတ်တရ

ကလေးငယ်များ ၊ ဆရာတော်ဘုရားကြီးများနှင့်အမှတ်တရ

စာသင်သောကလေးငယ်များ

လူသားခြင်းမေတ္တာငတ်မွတ်ခြင်းဘေးမှကင်းဝေးနိုင်ကြပါစေ
လူတစ်ယောက်ဖြစ်လာရင် လူသားတစ်ယောက်ရသင့်သော


ရထိုက်သောအခွင့်အရေး ရပိုင်ခွင့်ရှိသော လွတ်လပ်မှုတွေရရှိနိုင်ကြပါစေဗျာ


ပီတိများဖြင့်ဖုံးလွှမ်းရင်း နောင်များမှာလည်းအလှူရှင်များ ဒီထက်မကလှူနိုင်ကြပါစေလို့ ဆုမွန်ချွေလျှက်






Friday, December 9, 2011

Thursday, December 8, 2011

ဘိုင်ပင်ဂူရွာမှ ကလေးငယ်များအား အလင်းပေးရအောင်


ကျွန်တော်တို့ IT_Youth_Donation အဖွဲ့လေးရဲ့ အဓိကရည်ရွယ်ချက်လေးကတော့ မိဘမဲ့ ကလေးတွေ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေ ၊သဘာဝ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက် နေသူများကို ကူညီပေး သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ ရဲ့အဖွဲ့မှာတခြားအဖွဲ့ အစည်းများကဲ့သို့တောင့်တောင့်တင်းတင်းမရှိ လှသော် လည်းလူငယ်အများ စုနဲ့ ဖွဲ့စည်းထားပြီးလိုအပ်သည့်နေရာများကို တတ်နိုင်သလောက်ကူညီအားဖြည့်သွားမှာ ဖြစ်ပါတယ်။

ထိုကြောင့် ယခု မန္တလေးတိုင်း ၊ပုသိမ်ကြီးမြို့ နယ်၊ မင်းကန်ကျေးရွာအုပ်စုအတွင်း၊တောစုကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ရွာလေးနာမည်လေးကဘိုင်ပင်ရွာသို့ သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ ဘာကြောင့်လဲ ဆိုတော့ အဲရွာလေးမှာနေထိုင်တဲ့ ကလေးငယ်များသည် (၁၂) နှစ်တိုင်သည်ရှိသော် ၂တန်းစာကို ဒီ ၁၂ရွယ်မှ သင်နေရပါတယ်။ နောက်ကလေးတွေဟာလည်း အစိုးရစာမေးပွဲဆိုတာကို မဖြေဖူးကြ ဖြေဆိုခွင့်မရသေးပါဘူး။ ကျေးဇူးရှင်ဝါးခင်းကုန်းဆရာတော်ဦးတိက္ခ နဲ့ တောစုရွာ ကျောင်းအုပ်ကြီး ဦးကံလွင်တို့ ရဲ့ ကူညီဖေးမမှုကြောင့် သာကလေးတွေကိုစာသင်ပေးနိုင်ခဲ့ပါတယ်။

ဒီကလေးတွေ စာသင်ဖို့အတွက် ဆရာတော်ဟာ ကျောင်းဆရာ လေးတစ်ယောက်ကိုလခသဘောမျိုးအဖြစ် တစ်လကို ၂၀၀၀၀ပေးပြီး ကလေးတွေအတွက် ဒါနပြုပေးဖို့တောင်း ဆိုရာမှ ကျောင်းဆရာလေးဟာ တောင်ပေါ်တောင်အောက်လေးမိုင်းခရီးဝေတဲ့ခရီးကို နေ့စဉ်အတက်အဆင်း လုပ်ပြီးကလေးတွေကို ပညာသင်ပေးပါတယ်။ စာသင်ဆောင်ဆိုရင် အမိုးအကာမပြည့်စုံတဲ့ တဲသာသာရှိတဲ့နေ ရာလေးမှာ ဖြစ်သလိုနဲ့ ကလေးတွေဟာ သူတို့ဘ၀အတွက်အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နေကြရတာပါ။ ဒါကြောင့် ကျွန်တော်တို့လူငယ်တွေနဲ့လူတိုင်းလူတိုင်း ဒီကလေးငယ်လေးတွေ ဘ၀အလင်းရောင်ရနိုင်ဖို့အတွက် ပေါင်းစုကာအလင်းပေးဖို့မျှော်လင့်မိပါတယ်။

ဆက်သွယ်ရန် (ရန်ကုန်) 01210800 gmail (lwanpaishin@futurestars-mm.org) မလေးရှားမှ အလှူရှင်များ ဆက်သွယ်လိုပါက နေဇော်လင်း nayzawlin1@gmail.com( 010 2148 677 ) သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

IT_Youth_Donation သို့လှူသောအလှူရှင်စာရင်း


Myanmar P.L.G.Co.,Ltd စာရေးကိရိယာမျိုးစုံ

ဒေါ်သန်းမြင့်မြင့်ဦး စာရေးကိရိယာ (ဘောပင်)

ဦးသန်း စာရေးကိရိယာ (ဘောပင်)

ဒေါ်ခင်လေးရွှေ စာရေးကိရိယာ (စာအုပ်)

မခင်သက်ဝေ စာရေးကိရိယာ (စာအုပ်)

မောင်ဝေယံ စာရေးကိရိယာ(စာအုပ်၊ ခဲတံ)

မသက်သက်ထွေး စာရေးကိရိယာ(စာအုပ်)

မမြတ်စုခိုင် အ၀တ်အထည်

မောင်ရှိန်းမင်းဘို၊ မသဲနုစံ အ၀တ်အထည်

မောင်စန်းလင်းအောင် အ၀တ်အထည်

မနွေးနွေးဦး အ၀တ်အထည်

မောင်အောင်ဖြိုး အ၀တ်အထည်

မမီးငယ် အ၀တ်အထည်

မနန်းစုသီရီနိုင် အ၀တ်အထည်

မနှင်းရွှေ အ၀တ်အထည်

မမိဇာ အ၀တ်အထည်

မအိဖြူစင် အ၀တ်အထည်

မနုနုထွေး အ၀တ်အထည်

AMC ဆောက်လုပ်ရေး အ၀တ်အထည်

ဆုံဆည်းရာ အွန်လိုင်းလူငယ်များ ၁၀၀၀၀၀

ကိုသူရ (တောင်ဥက္ကလာ) ၂၇၀၀၀

ဦးထူးဆန်း (ဘန်ကောက်) ၂၀၀၀၀

မစုစုမာ (ကျောက်မြောင်း) ၁၅၀၀၀

မစန္ဒီထွန်း(နေပြည်တော်) ၁၂၀၀၀

M I T Pte.Ltd (မြေနီကုန်း) ၁၀၀၀၀

မဆွေဆွေမျိုးနိုင်(ဆေးဝါးတက္ကသိုလ်)(ကျောက်မြောင်း) ၁၀၀၀၀

မသမီးစံ (ကျောက်တံတား) ၁၀၀၀၀

မပွင့်ဖြူငြိမ်း (ကျိုက်ဝိုင်း) ၅၀၀၀

မောင်ဇေယျာလင်းမောင် ၅၀၀၀

မောင်သန်းဇော်မိုး ၃၀၀၀

မရည်မွန် ၁၀၀၀

ဦးအေးသိန်း ၁၀၀၀

IT_Youth_Donation အဖွဲ့သည် ၁၇.၁၂.၂၀၁၁ စနေနေ့တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၊

မင်ကန်ကျေးရွာအုပ်စုအတွင်းရှိ ဘိုင်ပင်ဂူရွာသို့သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။

Monday, November 28, 2011

website creation (28@z!n1@y)

ဓီဆိုဒ်လုပ်နည်းကတင်ပီးသားဖြစ်ပေမယ် အသစ်ပြန်အသေးစိတတင်ပေးလိုက်ပါတယ်
www.weebly.com


















VISITOR COUNTER
အလှဆင်ရအောင် ကလစ်လိုက်ပါ http://www.neoworx.net/ စာမျက်နှာတခုမှာတင်ပီးတိုင်း
publishနှိပ်ဖို့မမေ့ပါနဲ့နော်


အပေါ်ကအတိုင်းပေါ်လာလဲဘာမှပြသနာမရှိပါဘူး အစတုန်းကအမှားနဲနဲ့ရှိလို့ပါအောက်ကအတိုင်းပေါ်လာရင်ပိုအဆင်ပြေပါတယ်ပြထားတဲ့လင့်ကိုကလစ်လိုက်နော် ပီတော့ အဲ့boxကိုဖျက်လိုက်ပါ




ကဲမူလစာမျက်နှာပီးတော့ စာမျက်နှာတွေကိစ္စကိုရှင်းရအောင်




သာမန်စာမျက်နှာအတွက်ကတော့ add pagesပေါ့ ဘလော့အတွက်က add blogpageပေါ့
အပေါ်ကပုံကိုကြည့်ပါ new pageကို ဖျက်ပီးတော့ မိမိသုံးမယ့်ခေါင်းစဉ်ရေးပါ
အဲ့အောက်နားကစာသုံးကြောင်းကတော့
    • Hide page in navigation menu စာမျက်နှာကိုmenuတွင်မဖော်ပြရန် Password protect this page ပါတ်ဝေါ့နှင့်လုပ်ရန်
      Link page to external site
    • ဒါကအခြားကို လင့်ချိတ်ခိုင်းတာပါ
အောက်ကပုံက လင့်ချိတ်တဲ့ပုံကိုပြတာပါ


အဲ့အောက်နားကAdvanced Settings
ကိုဆက်ရှင်းပြမယ် ကလစ်လိုက်ရင်
အောက်ကအတိုင်းပေါ်ပါ့မယ်

ကဲadd blog pageကိုကလစ်လိုက်ရင်တော့


save setting ကလစ်ပီးရင် ဘလော့ ပေ့ကို ကလစ်လိုက်နော် အောက်ကအတိုင်းတွေ့ရပါလိမ့်မယ်

ဘလော့တင်ရန် new post ကို ကလစ်လိုက်နော်



အစမ်းဆိုတဲ့နေရာမှာမိမိဘလော့နဲ့ဆိုင်တဲ့အမျိုးအစားရေနော်(အောက်ကပုံ)

တင်ပိးရင်တော့live publish ကိုကလစ်လိုက်ပါ (အပေါ်နားက)

တခုက အကြောင်းအရာတခုခုတင်ပီးတိုင်း publishကိုနှိပ်ပါ
ကဲ့ဒီတခါစာမျက်နှာကို sub tab(drop down)နဲ့ပြရအောင်
ဥပမာအောက်ကပုံလိုမျိုးပေါ့


မျှားလေးနဲ့ စာမျက်နှာ tabလေးတွေကိုတင်ပီအနောက်ကိုဖိဆွဲပါ ပီးတော့ save settingကိုကလစ်ပါ

ကဲရပီမလား
ဒီတခါနောက်ခံဒီဇိုင်းပြောင်းရအောင်နော်

ဒီဇိုင်းတွေအများကြီးရှိပါတယ် ကြိုက်တာရွေးပီးတော့ကလစ်လိုက်နော်
CSSနဲ့ပြင်ချင်သူတွေအတွက်ကတော့

ကလစ်လိုက်နော်
အောက်ကပုံကိုကြည့်ပါ

ဓါတ်ပုံတွေ ဗီဒီယိုတွေလဲတင်လို့ရပါတယ်

အားလုံးပီးရင်တော့ ဘေးမှာမျှားပြထားပါတယ် ကြက်ခြေခတ်လေးကိုကလစ်လိုက်နော်
နောက်တခါပြန်ဝင်ရင် sign in့နေပြန်ဝင်ရပါတယ်


ဒီလိုပေါ်လာရင် log out ကနေထွက်ပါပြန်ဝင်လို့ပြင်မယ်ဆိုရင်လည်း
ဒီအဆင့်တော့ရောက်မှာဘဲ Editကနေပြင်ရမှာပါ အောက်ကပုံအတိုင်းပေါ်နေရင်ခဏစောင်နော်


သဇင်လေးလက်တွေကိုက်နေလို့ ဒီလောက်ဘဲနောက်နောက်မှဆက်ရှင်းပြပါ့မယ်
မြန်မာနိင်ငံနဲ့ အထူးသဖြင့်မန်းလေးမှာကွန်နရှင်အရမ်းဆိုးနေလိုပါ

Sunday, November 27, 2011

လူတိုင်းအတွက်တာဝန်တစ်ရပ်


      
ပရဟိတဆိုသည်မှာ ကိုယ်ကျိုးမငဲ့အများအကျိုးအတွက်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ထိုသို့ပရဟိတ 

ဆိုသော အရာကို ငွေကြေး၊ ဥစ္စာ၊ ဂုဏ်ဓန၊ ပကာသနတွေရှိမှလုပ်၍ရသောအရာမဟုတ်ပေ။ 

လူတစ်ယောက် တွင်ပရဟိတ ဆိုသောစိတ်ဓာတ်ရှိရန်အထူးလိုအပ်ပါသည်။ ပရဟိတဆိုသောစိတ်

ဓာတ်သည် အများအားဖြင့် လူသားတိုင်း တွင်ရှိကြပါသည်။ တစ်ချို့သည် ငွေဥစ္စာမရှိ၍ဟုဆိုကာ 

ပရဟိတဆိုသော အလုပ်နှင့် စိတ်ဓာတ် ကိုမေ့လျော့နေတတ်ကြသည်။ တစ်ချို့ကြပြန်တော့လည်း

ငွေ၊ ဥစ္စာကြွယ်ဝလွန်းကာအပျော်တွေနဲ့လုံးပန်း ဂုဏ် ပကာသနတွေကြားမှာ ထိုပရဟိတစိတ်ဓာတ် 

ပရဟိတအလုပ်ကို မေ့လျော့နေတတ်ပြန်သည်။ပရဟိတဆိုသော အလုပ်ကို တစ်ဦးတစ်ယောက်ထဲ

ကမှသာလုပ်နိုင်မည်မဟုတ်ပါ။ လူသားတိုင်းအားလုံးစုပေါင်း ကာ ပရဟိတထြိုဖူစင်သောအလုပ်ကို

လုပ်နိုင်ရန်လိုအပ်ပါသည်။ လူတစ်ဦးတစ်ယောက် မိမိကြောင့်ပြုံးပျော် နိုင်ရင်မိမိစိတ် သည် အလို
လိုပြုံးပျော်နိုင်သည်မှာ မိမိကိုယ်တိုင်ပင်အသိဆုံးဖြစ်ပါလိမ့်မည်။ မိမိပြုလုပ်ခဲ့သော အလုပ်သည် 
မည်သူအတွက်လဲ၊ ကိုယ့်အတွက်လား၊ ကိုယ့်မိသားစုအတွက်လား၊ အများသူငါအတွက်လား စဉ်းစားပါ။

မိမိအတွက် ကိုယ့်မိသားစုအတွက်ဆိုရင်တော့ လောဘနှင့်ပြုလုပ်သော အတ္တဟိတစိတ်ဓာတ် ဖြစ်သည်။ 

ကိုယ်ပြုလုပ်ခဲ့ သောထိုအလုပ်သည် ကိုယ်ကျိုးအတွက်မဟုတ်အများအတွက်ဖြစ်ခဲ့မယ်ဆိုရင်တော့

ဖြူစင်မှုနဲ့ပီတိဖုံး သော ပရဟိတစိတ်ပင်ဖြစ်သည်။
          ကျွန်တော်တို့လူငယ်တွေသည် အများအားဖြင့် လူငယ်ဆိုသောအရွယ်တွင် လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ 
အပျော်အပါးတွေကြားမှာ မအားလပ်နိုင်အောင်ပင်ရှုပ်ထွေးလျှက်ရှိနေတတ်သည်။ လူငယ်များသည် 

ဖျတ်လတ် တတ်ကြွသောခွန်အားတွေရှိကြသည်။ ထိုသို့သော် ဖျတ်လတ်တတ်ကြွသော စိတ်ဓာတ်ခွန်အား

တို့ကို အများ အတွက်အကျိုးရှိသောအလုပ်ကို မိမိတတ်နိုင်သမျှ မိမိပတ်ဝန်းကျင်အသိုင်းဝိုင်းအတွက်

တစ်ထောင့်တစ်နေရာ ကနေလုပ်ကိုင်ပေးနိုင်ခြင်းသည် မိမိအတွက်အများအတွက်အလွန်ပင်ကျေနပ်

ဖွယ်ကောင်းသာ အကျိုးကျေးဇူး ရလဒ်ဖြစ်သည်။ လူငယ်တိုင်းတွင် ညှာတာစိတ်၊စာနာစိတ်၊ကူညီ

တတ်သောစိတ်များရှိရန်အလွန်လိုအပ်သည်။ စာရေးဆရာမ ဆရာမသန်းမြင့်အောင်က ကိုယ်ချင်းစာ

စိတ်ဆိုတဲ့ လူသားချင်းစာနာမှုနဲ့ လူတစ်ယောက်ဖြစ်လာ ရင် လူတစ်ယောက်မှာရှိသင့် ရှိထိုက်တဲ့ 

လိုအပ်ချက်နဲ့ အခွင့်အရေးတွေကိုပြည့်စုံသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့လူသားတိုင်းကိုကူညီပါတယ်

ဆိုတဲ့စကားဆိုခဲ့ပါသည်။ ကျွန်တော်တို့လူတစ်ယောက်ဖြစ်လာရင်လူတစ်ယောက် မှ တစ်ဦးနှင့်တစ်ဦး 
လူသားအားလုံးတိုင်းမှာ ရသင့်ရထိုက်တဲ့လူ့အခွင့်အရေးတွေရှိပါတယ်။ လူသားတိုင်းရရှိ သင့်သော 
လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို ပေးနိုင်ခြင်းသည် ပရဟိတဆိုသော စိတ်ဓာတ်နှင့် အလုပ်ပင်ဖြစ်သည်။ 
ကျွန်တော်တို့ လူငယ်တိုင်းတွင် ပရဟိတ လူသာချင်းစာနာသောစိတ်ဓာတ်ရှိရန်အထူးလိုအပ်ပါသည်။ 
အထူးသဖြင့်ဆင်းရဲနွမ်းပါးသောသူများ ထိုဆင်းရဲနွမ်းပါးသောပတ်ဝန်ကျင်အသိုင်းအ၀ိုင်းမှဆင်းသက်ပေါက်

ဖွားလာသော ကလေးသူငယ်များသည် အများအားဖြင့် သူတို့အရွယ်နှင့် သူတို့ရရှိသင့်သောအခွင့်အရေးများ

ဆုံးရှုံး နေတတ်ကြသည်မှာ လူတိုင်းသိသောအချက်ပင်ဖြစ်သည်။ကလေးသူငယ်များ ရသင့်ရထိုက်သော 

အခွင့်အရေး များကိုပေးစွမ်းနိုင်ရန် ကျွန်တော်တို့လူငယ်များသာမကအများက၀ိုင်းဝန်းကာစုပေါင်းကူညီခြင်း

ဖြင့်ကလေးငယ် များကိုဖြည့်ဆည်းပေးသင့်ပါသည်။ထိုသို့သော်လိုအပ်ချက်များရရှိသင့်သောလူ့အခွင့်အရေး 

များကို လူသား တိုင်းရရှိနိုင်ရန်ရေးမှာ ကျွန်ုပ်တို့လူသားတိုင်းတွင်တာဝန်ရှိပါသည်။

 အားလုံးလေးစားလျှက် လွမ်းပိုင်ရှင်

Thursday, November 24, 2011

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ အရဟံဂုဏ်ကျေးဇူးတော်


အရဟံ .......... ကိလေသာကင်းစင်တော်မူသော ......... မြတ်စွာဘုရား။



အရဟံ .......... ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော ......... မြတ်စွာဘုရား။



အရဟံ .......... လူနတ်တို.၏ပူဇော်အထူးကို ခံယူတော်မူထိုက်သော ......... မြတ်စွာဘုရား။



အရဟံ .......... ရွှေရောင်အဆင်းဝါဝင်းစွာဖြင်. သပ္ပါယ်စွာ စံပယ်တ်ာမူသော ......... မြတ်စွာဘုရား။



အရဟံ .......... ဒေါသအမျက် ကင်းစင်တော်မူသော ......... မြတ်စွာဘုရား။



အရဟံ .......... စိတ်ဆင်းရဲခြင်း ကင်းစင်တော်မူသော ......... မြတ်စွာဘုရား။


အရဟံ .......... မနာလိုဝန်တိုခြင်း ကင်းစင်တော်မူသော ......... မြတ်စွာဘုရား။


အရဟံ .......... သတ္တဝါအားလုံးတို.အပေါ်တွင် မေတ္တာတရားကြီးမားတ်ာမူသော ......... မြတ်စွာဘုရား။


အရဟံ .......... လောကသုံးပါးကို သိမြင်တ်ာမူသော ......... မြတ်စွာဘုရား။


အရဟံ .......... ပါရမီတော်အပေါင်းတို.ဖြင်.အထူးပြည်.စုံ တော်မူသော ......... မြတ်စွာဘုရား။


အရဟံ .......... သိစရာအားလုံးတို.ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင်. သိမြင်တ်ာမူသော ......... မြတ်စွာဘုရား။


အရဟံ .......... မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော ......... မြတ်စွာဘုရား။


အရဟံ .......... ပညာဥာဏ်အထူးကြီးမားတော်မူသော ......... မြတ်စွာဘုရား။


အရဟံ .......... စိတ်နှလုံးအထူးကြည်လင်အေးချမ်းတော်မူသော ......... မြတ်စွာဘုရား။


အရဟံ .......... လောက၌အမြတ်ဆုံး ဖြစ်တော်မူသော ......... မြတ်စွာဘုရား။


ထိုကဲ.သို. .......အတုမရှိသော ဂုဏ်ကျေးဇူးတော်တို.ဖြင်. အထူးပြည်.စုံတော်မူသော

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည်.တော်သည် အသက်ရှင်ခွင်.ရသမျှ ကာလပါတ်လုံး

အကြွင်းမဲ. ယုံကြည်အားကိုးစွာဖြင်. လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော. ကန်တော.ပါ၏

အရှင်မြတ်ဘုရား။

" နမောတဿ ဘဂဝတော အရဟတော သမ္ဗာသမ္ဗုဒဿ

နမောတဿ ဘဂဝတော အရဟတော သမ္ဗာသမ္ဗုဒဿ

နမောတဿ ဘဂဝတော အရဟတော သမ္ဗာသမ္ဗုဒဿ

Sunday, November 20, 2011

Password တွေသတိထားနော်...SPY တစ်ယောက်ရောက်နေပြီ...။

Computer နယ်ပယ်က ကျယ်ဝန်းတယ်ဆိုတာ ယနေ့ ကျွန်တော်တို့ ရှေ့ မှာ ဖွာလန်ကျဲ နေတဲ့...
softwareများကသက်သေခံနေပါတယ်....တိုးတက်လာတဲ့ နည်းပညာတွေ ကိုကောင်းတဲ့ ဘက်မှာ အသုံးကျ ကြမယ်ဆိုရင်..
လူသားတွေမှာ သောကဆိုတဲ့  စိတ်ညစ်စရာကြီးလည်းရှိတော့မှာ မဟုတ်ဘူး...တစ်နေ့ 
တနေ့ ကြားလိုက်ရတာတွေက ရင်ထဲမကောင်းဘူး....Gtalk အကောင့်အခိုးခံရပြန်ပြီ..acebook လော့ဒ်ကျသွားပြန်ပြီတဲ့ ..တော်ရုံလည်း ကိုယ်ဘာသာကိုယ်
ဂရုစိုက်ပါလားလို့ အော်လိုက်ချင်တယ်..အင်တာနက်လိုင်းတွေကမကောင်းလို့ ဘူနေတဲ့ကြားထဲ..
သူတို့ ကတစ်မျိုး...။
တစ်ခါတလေ အဲ့သိလိုမျိုးတွေးလိုက်မိတယ်..ကိုယ်ကို ကိုယ်ပြန်ပြောနေမိတယ်..မင်းတော်တော်စိတ်ပုတ်တာပဲလို့ ။
ကျွန်တော်လည်းအဲ့စိတ်ကိုပြင်ဖို့ လုပ်နေပါတယ်..(စက်ဆရာ မအားသေးလို့ ) အဲ ဟုတ်ပါဘူး။
ပြောနေတဲ့ လက်စတောင်ပျောက်သွားတယ်....အထူးသဖြင့် ဒီရက်ပိုင်းတွေအင်တာနက်ဆိုင်မှာ သုံးရင်.... နည်းနည်းဂရုစိုက်သုံးကြပေါ့ဗျာ။ဆိုင်ကြီးတွေကတော့ မပြောလိုပါဘူး..သူတို့ မှာကအဆင်မြင့် software တွေတင်ထားတော့..
Close Tab ပိတ်လိုက်တာနဲ့  အကောင့်တွေကလည်း Log Out ဖြစ်ပြီးသားပါ။လိုင်းတွေကျလို့ ပဲဖြစ်ဖြစ်.....
error တက်သွားလို့ ပဲဖြစ်ဖြစ်..မိမိ အကောင့်တွေ password တွေကိုတော့ တတ်နိုင်သလောက်Hint တွေမကျန်ခဲ့စေနဲ့ နော်...
နောက်တစ်မျိုးက ကိုယ်ပိုင် Laptop နဲ့ သုံးပြီး ကိုယ့်စက်နဲ့ ကိုယ်ဆိုတော့ Remember ပေးထားကြတယ်လေ..
password ကိုမမှတ်မိတော့ဘူးဆိုရင်....ဒီ software လေးနဲ့ အဆင်ပြေမှာပါ။နောက်ပြီး မိမိ password လုံခြုံမှုရှိမရှိ ကို http://www.passwordmeter.com မှာသွားစမ်းနိုင်ပါတယ်..software name ကတော့ See Password ပါ...။ပုံတွေကတော့  Software လေးလုပ်ပုံလုပ်နည်းအဆင့်ဆင့်ပါ..အဆင်ပြေမယ်ဆို password လေးပြန်ပေးနော်... :P




Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလည်လာရောက်သူ မိတ်ဆွေများ ကျန်းမာပါစေ ချမ်းသာကြပါစေ လို့ ဆုတောင်းပေးပါတယ်။