" IT_Youth_Donation သို့ အဖွဲ့ နှင့်ပက်သက်ပြီး အသေးစိတ်သိလိုသူများ၊ အလှူငွေပါဝင်လှူဒါန်းချင်သူများအနေဖြင့်အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်။ နတ်သားလေး - 0973083241 လွမ်းပိုင်ရှင် - 0943136207။"

Sunday, November 20, 2011

Gmail အကောင့်ကဘာလို့ Disabled ဖြစ်ရတာလဲ....။


အခုတလောအမြဲလိုလို ဖြေရှင်းပေးနေရတဲ့ Problem လေးပေါ့ဗျာ..။အကိုရေလုပ်ပါဦး..ကျွန်တော့်အကောင့်...
Disabled ဖြစ်သွားတယ်တဲ့..ဘာလုပ်ရမလဲတဲ့..သူ့ ကိုကြည့် လိုက်တော့ ပုံစုံလေးက သနားစရာလေးပါ..
(အကောင့်ထဲမှာရှိတဲ့ သူ့ ကောင်မလေးတွေကိုနှမြောလို့ နေမယ်)..နောက်ပြီးသူကမေးသေးတယ်..
Gmail ကအလကားနေရင်း ဘာလို့ Disabled ဖြစ်ရတာလဲတဲ့..Hacked ခံရတာလားတဲ့..အော်..ဟုတ်မှာပါ..
ခင်ဗျားက စတိဂျော့ဒ်ညီဆိုတော့လို့  စိတ်ထဲကတော့ပြောလိုက်မိတယ်..ဒါပေမယ့် အဲ့ဒီအချိန်မှာ solution က
မရှိသေးတော့ နည်းနည်းဖောပေးလိုက်မိတယ်..ဟိုဟာဒီဟာပေါ့ဗျာ..။

သူပြန်မှ ကျွန်တော်လည်း Google ထဲမှာရှာကြည့် လိုက်တယ်..Results တွေကထွက်လာပါတယ်အများကြီးပဲ..
ကိုယ့်စိတ်ကို မယုံတာနဲ့ အကိုဆီကို သွားမေးလိုက်တယ်..။
နည်းပညာနဲ့ ပက်သက်ရင်တော့..ကျွန်တော်အတွက်က
ဆရာတစ်ပါးပါပဲ...အကိုကပြောတယ်..Disabled ဖြစ်တယ်ဆိုတာက အကြောင်းရင်းတွေအများကြီးဖြစ်နိုင်တယ်ဆိုပြီး
ပြောသွားပါတယ် အများကြီးပဲ..ဒါပေမယ့် အခုကတော့ ကျွန်တော်ဖတ်ထားတာနဲ့ တူတာလေးတွေကိုပဲ..
တင်ပေးလိုက်ပါတယ်...နောက်မှဆက်တင်ပေးပါ့မယ်။

Gmail အကောင့် Distabled ဖြစ်တယ်ဆိုတာ IP address မတူတဲ့အခါမှာလည်းဖြစ်နိုင်ပါတယ်..Tempory Lock့ 
ဆိုရမှာပေါ့ဗျာ..နောက်တစ်ခုက ကိုယ်သုံးနေတဲ့အကောင့် မသုံးတာကြာတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်..
နောက်ပြီး ကိုယ့်အကောင့်ကို တခြားတယောက်က Google ကို report လှမ်းတင်လို့ လည်းဖြစ်နိုင်ပါတယ်...
အကောင့်သုံးနေရင်း Distabled ဖြစ်သွားတဲ့ပုံစံ တချို့ ကိုတော့
တွေ့ ဖူးပါတယ်..အကောင့်က၀င်နေရင်း..Distabled
ဖြစ်သွားတာ..စာပို့ နေရင်းနဲ့ ဖြစ်တာ..Network Refesh လုပ်ပြီးသွားပြီး Page ကျလာတဲ့အချိန်မှာဖြစ်တာ နောက်ပြီး
ရှိပါသေးတယ်..အခုတော်တော်များများတွေ့ နေရတယ် အကောင့် ၃ ၄ ခုဖွင့် ပြီးသုံးကြတာ...
အဲ့သလိုတပြိုင်နက်သုံးတာတို့ ..လတ်တလောဖွင့်ထားတဲ့ အကောင့်တွေမှာ(အများဆုံး)ဖြစ်နေတာစသည်ဖြင့် 
အမျိုးမျိုး တွေ့ နေရတယ်..။နောက်ပြီး တစ်ခုလောက်တောင်းဆိုတာပါ..sent ဆိုတဲ့ ခလုတ်လေးမနှိပ်ခင်..
saveဆိုတာလေးကို နှိပ်တဲ့အကျင့်ကို လုပ်စေချင်တယ်..Foreigner တော်တော်များများ အဲ့ဒီအကျင့်မရှိတာကို..
တွေ့ ရပါတယ်..အမြဲတမ်း Save လုပ်သင့်ပါတယ်..ကျွန်တော်တို့ အင်တာနက်လိုင်းတွေကကြောက်ရပါတယ်..
နောက်ပြီး Blogger တွေအနေနဲ့ လည်း Notepad နဲ့ သာအရင်ရေးစေချင်ပါတယ်..ကျွန်တော်ဆို ပိုစ့်တစ်ခုကို..
ဆယ်ခါလောက်ရေးလိုက်ရပါသေးတယ်... ၁၇ ရက်ကပါ..သိမှာပေါ့ဗျာ..ဘာနေ့ လဲဆိုတာ။နောက်ထပ် ပြည့်စုံသေချာတဲ့
Solution တွေကို ထပ်မံလေ့လာဖော်ပြသွားဦးမှာပါ..။

နောက်ပြီးတစ်ခုခုဖြစ်ရင် သူများအကူအညီတောင်းဖို့ ပဲမစဉ်းစားပါနဲ့ ..Solution ဆိုတာ Google မှာ
ရှာလို့ ရပါတယ်။
ကိုယ်တိုင် Try ကြည့် ကြပါ...။ကျွန်တော်လည်း တစ်ခါဖြစ်ဘူးတယ်..ဒါပေမယ့် ပြန်ရပါတယ်..၁ရက်ပဲကြာလိုက်တယ်။
တကယ်လို့  Disabled ဖြစ်သွားပြီးဆိုရင် အောက်ကပါတဲ့လင့်ဒ်လေးမှာသွား Try
ကြည့် လိုက်ပါ.အဆင်ပြေမှာပါဗျာ..။
အောက်မှာပေးထားတဲ့ Link ကနေပြီး ကိုယ့်ဆီမှာတက်တဲ့ error ကဘယ်လိုအမျိုးစားလဲ..ဘယ်လိုဖြေရှင်းရမလဲဆိုတာကို
ပြောပြထားပါတယ်..အလွယ်ဆုံးကတော့ Help Center ကို mail ပို့ လိုက်တာပေါ့ဗျာ...။

http://mail.google.com/support/bin/answer.py?answer=46346&hl=en-US

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလည်လာရောက်သူ မိတ်ဆွေများ ကျန်းမာပါစေ ချမ်းသာကြပါစေ လို့ ဆုတောင်းပေးပါတယ်။