ပိုစ့်လေးရဲ့ ရည်ရွယ်ချက်ကတော့..ဆိုဒ်မှာရှိတဲ့သူငယ်ချင်းများအားလုံးကို
သောကကင်းစေချင်လို့ ပါ..သိပြီးသားလူတွေ
ရှိသလို..မသေးသေးတဲ့လူတွေ အများကြီးကျန်ပါသေးတယ်..နောင်လည်း ကျွန်တော်လက်တွေ့ စမ်းပြီး
ရတဲ့ အကျိုးတွေ
အပြစ်တွေကို..ပိုစ့်မှာ ရှင်းလင်းတင်ပြသွားမှာပါ....( ဆရာလုပ်လိုသောဆန္ဒမပါ...သောကကင်းစေ
ဖို့ ရည်ရွယ်တာပါ)...။
နည်းပညာတွေအံ့မခန်းတိုးတက်လာမှုရဲ့ အရိပ်အောက်မှာ ကောင်းတဲ့နည်းပညာတွေရော..မကောင်းတဲ့နည်းပညာတွေရောခိုလှုံနေတယ်.
ကိုယ်သိထားတဲ့ပညာရပ်တွေကို....ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေအတွက် ကောင်းတဲ့ဘက်ကပဲအသုံးချသင့်ပါတယ်..
သိသင့်တာတွေ..ဆောင်သင့်တာတွေကို အဆင်ပြေသလို..ကိုယ်တိုင်ကိုယ်ကျ လေ့လာပြီးတင်ပေးသွားမှာပါ။
အခုကျွန်တော်ပြောမှာကတော့ keylogger ဆိုတဲ့ software လေးအကြောင်းပဲဖြစ်မှာပါ။သိပြီးသားလည်းဖြစ်ကြမှာပါ။သိပြီးသား..
လူတွေအနေနဲ့ ကျွန်တော် အခုပြောမယ့် ခေါင်းစဉ်မှာ လိုအပ်ချက်တွေရှိမယ်ဆို ဖြည့်ဆည်းပေး
ပါလို့ တောင်းဆိုပါတယ်ဗျာ။
အရင်တုန်းကတော့ key recorder ဆိုတဲ့  device ပေါ့ဗျာ..အခုကတော့ software ပေါ့ဗျာ...
ကျွန်တော် Hacking ပိုင်းနဲ့ ပက်သက်ပြီးစပြီးလေ့လာမိတာကတော့ ဒီ software လေးအကြောင်းပါ။ကျွန်တော်တို့ တစ်နေ့ တာ
သုံးခဲ့ တဲ့ website တွေ၊ password တွေက သူဆီမှာ auto save လုပ်ပြီးသားဗျ....ညီအစ်ကို..ညီအစ်မများရဲ့ ..
password များ ၊ personal data များမပါသွားနိုင်အောင်..အင်တာနက်ဆိုင်ရောက်ပြီဆိုရင်..Taskbar လေးတစ်ချက်လောက်..
ရှိုးပေးကြပါဗျာ။တွေ့ တယ်ဆိုလည်း သူ့ Logo ကို right click နှိပ်ပြီး...properties ကို ခေါ်ပြီးတာနဲ့  သူ့  Location ကို ရှာပြီး unistall လုပ်ပြီး All Folder Delete သာလုပ်ပစ်လိုက်ဗျာ..
တကယ်လို့ မလုပ်ရဲဘူးဆိုလည်း..ဆိုင်နာမည်ကိုပြန် Share ပေးပေါ့ဗျာ..။တော်တော်ဆိုးတယ်နော်..အနည်းဆုံး ၅ ရက်လောက်က Data တွေ Password တွေအကုန် Backup လုပ်ပြီးသားပါ..။
တွေ့ ရင်အားမနာနဲ့ရှင်းသာရှင်းအပစ်..။မဟုတ်ရင်တော့..ဟဲဟဲ..သိပါတယ်နော်..။အားလုံးအဆင်ပြေ
ချောမွေ့ ပါစေ...။ ဒီ Software ကိုစမ်းကြည့်ချင်တယ်ဆိုရင် ကျွန်တော်
ပို့ ပေးပါ့မယ်..တစ်ခုတော့ရှိတယ်နော်..ရေသောက်ပြီးရင်တော့..အပေါ့ကသွားရတတ်တယ်နော်...။
ဒါကတော့ သူရဲ့ Logo လေးပေါ့ဗျာ.
0 comments:
Post a Comment