" IT_Youth_Donation သို့ အဖွဲ့ နှင့်ပက်သက်ပြီး အသေးစိတ်သိလိုသူများ၊ အလှူငွေပါဝင်လှူဒါန်းချင်သူများအနေဖြင့်အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်။ နတ်သားလေး - 0973083241 လွမ်းပိုင်ရှင် - 0943136207။"

Sunday, November 27, 2011

လူတိုင်းအတွက်တာဝန်တစ်ရပ်


      
ပရဟိတဆိုသည်မှာ ကိုယ်ကျိုးမငဲ့အများအကျိုးအတွက်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ထိုသို့ပရဟိတ 

ဆိုသော အရာကို ငွေကြေး၊ ဥစ္စာ၊ ဂုဏ်ဓန၊ ပကာသနတွေရှိမှလုပ်၍ရသောအရာမဟုတ်ပေ။ 

လူတစ်ယောက် တွင်ပရဟိတ ဆိုသောစိတ်ဓာတ်ရှိရန်အထူးလိုအပ်ပါသည်။ ပရဟိတဆိုသောစိတ်

ဓာတ်သည် အများအားဖြင့် လူသားတိုင်း တွင်ရှိကြပါသည်။ တစ်ချို့သည် ငွေဥစ္စာမရှိ၍ဟုဆိုကာ 

ပရဟိတဆိုသော အလုပ်နှင့် စိတ်ဓာတ် ကိုမေ့လျော့နေတတ်ကြသည်။ တစ်ချို့ကြပြန်တော့လည်း

ငွေ၊ ဥစ္စာကြွယ်ဝလွန်းကာအပျော်တွေနဲ့လုံးပန်း ဂုဏ် ပကာသနတွေကြားမှာ ထိုပရဟိတစိတ်ဓာတ် 

ပရဟိတအလုပ်ကို မေ့လျော့နေတတ်ပြန်သည်။ပရဟိတဆိုသော အလုပ်ကို တစ်ဦးတစ်ယောက်ထဲ

ကမှသာလုပ်နိုင်မည်မဟုတ်ပါ။ လူသားတိုင်းအားလုံးစုပေါင်း ကာ ပရဟိတထြိုဖူစင်သောအလုပ်ကို

လုပ်နိုင်ရန်လိုအပ်ပါသည်။ လူတစ်ဦးတစ်ယောက် မိမိကြောင့်ပြုံးပျော် နိုင်ရင်မိမိစိတ် သည် အလို
လိုပြုံးပျော်နိုင်သည်မှာ မိမိကိုယ်တိုင်ပင်အသိဆုံးဖြစ်ပါလိမ့်မည်။ မိမိပြုလုပ်ခဲ့သော အလုပ်သည် 
မည်သူအတွက်လဲ၊ ကိုယ့်အတွက်လား၊ ကိုယ့်မိသားစုအတွက်လား၊ အများသူငါအတွက်လား စဉ်းစားပါ။

မိမိအတွက် ကိုယ့်မိသားစုအတွက်ဆိုရင်တော့ လောဘနှင့်ပြုလုပ်သော အတ္တဟိတစိတ်ဓာတ် ဖြစ်သည်။ 

ကိုယ်ပြုလုပ်ခဲ့ သောထိုအလုပ်သည် ကိုယ်ကျိုးအတွက်မဟုတ်အများအတွက်ဖြစ်ခဲ့မယ်ဆိုရင်တော့

ဖြူစင်မှုနဲ့ပီတိဖုံး သော ပရဟိတစိတ်ပင်ဖြစ်သည်။
          ကျွန်တော်တို့လူငယ်တွေသည် အများအားဖြင့် လူငယ်ဆိုသောအရွယ်တွင် လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ 
အပျော်အပါးတွေကြားမှာ မအားလပ်နိုင်အောင်ပင်ရှုပ်ထွေးလျှက်ရှိနေတတ်သည်။ လူငယ်များသည် 

ဖျတ်လတ် တတ်ကြွသောခွန်အားတွေရှိကြသည်။ ထိုသို့သော် ဖျတ်လတ်တတ်ကြွသော စိတ်ဓာတ်ခွန်အား

တို့ကို အများ အတွက်အကျိုးရှိသောအလုပ်ကို မိမိတတ်နိုင်သမျှ မိမိပတ်ဝန်းကျင်အသိုင်းဝိုင်းအတွက်

တစ်ထောင့်တစ်နေရာ ကနေလုပ်ကိုင်ပေးနိုင်ခြင်းသည် မိမိအတွက်အများအတွက်အလွန်ပင်ကျေနပ်

ဖွယ်ကောင်းသာ အကျိုးကျေးဇူး ရလဒ်ဖြစ်သည်။ လူငယ်တိုင်းတွင် ညှာတာစိတ်၊စာနာစိတ်၊ကူညီ

တတ်သောစိတ်များရှိရန်အလွန်လိုအပ်သည်။ စာရေးဆရာမ ဆရာမသန်းမြင့်အောင်က ကိုယ်ချင်းစာ

စိတ်ဆိုတဲ့ လူသားချင်းစာနာမှုနဲ့ လူတစ်ယောက်ဖြစ်လာ ရင် လူတစ်ယောက်မှာရှိသင့် ရှိထိုက်တဲ့ 

လိုအပ်ချက်နဲ့ အခွင့်အရေးတွေကိုပြည့်စုံသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့လူသားတိုင်းကိုကူညီပါတယ်

ဆိုတဲ့စကားဆိုခဲ့ပါသည်။ ကျွန်တော်တို့လူတစ်ယောက်ဖြစ်လာရင်လူတစ်ယောက် မှ တစ်ဦးနှင့်တစ်ဦး 
လူသားအားလုံးတိုင်းမှာ ရသင့်ရထိုက်တဲ့လူ့အခွင့်အရေးတွေရှိပါတယ်။ လူသားတိုင်းရရှိ သင့်သော 
လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို ပေးနိုင်ခြင်းသည် ပရဟိတဆိုသော စိတ်ဓာတ်နှင့် အလုပ်ပင်ဖြစ်သည်။ 
ကျွန်တော်တို့ လူငယ်တိုင်းတွင် ပရဟိတ လူသာချင်းစာနာသောစိတ်ဓာတ်ရှိရန်အထူးလိုအပ်ပါသည်။ 
အထူးသဖြင့်ဆင်းရဲနွမ်းပါးသောသူများ ထိုဆင်းရဲနွမ်းပါးသောပတ်ဝန်ကျင်အသိုင်းအ၀ိုင်းမှဆင်းသက်ပေါက်

ဖွားလာသော ကလေးသူငယ်များသည် အများအားဖြင့် သူတို့အရွယ်နှင့် သူတို့ရရှိသင့်သောအခွင့်အရေးများ

ဆုံးရှုံး နေတတ်ကြသည်မှာ လူတိုင်းသိသောအချက်ပင်ဖြစ်သည်။ကလေးသူငယ်များ ရသင့်ရထိုက်သော 

အခွင့်အရေး များကိုပေးစွမ်းနိုင်ရန် ကျွန်တော်တို့လူငယ်များသာမကအများက၀ိုင်းဝန်းကာစုပေါင်းကူညီခြင်း

ဖြင့်ကလေးငယ် များကိုဖြည့်ဆည်းပေးသင့်ပါသည်။ထိုသို့သော်လိုအပ်ချက်များရရှိသင့်သောလူ့အခွင့်အရေး 

များကို လူသား တိုင်းရရှိနိုင်ရန်ရေးမှာ ကျွန်ုပ်တို့လူသားတိုင်းတွင်တာဝန်ရှိပါသည်။

 အားလုံးလေးစားလျှက် လွမ်းပိုင်ရှင်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလည်လာရောက်သူ မိတ်ဆွေများ ကျန်းမာပါစေ ချမ်းသာကြပါစေ လို့ ဆုတောင်းပေးပါတယ်။