မနက်ခင်းတစ်ခုမှာပေါ့…အွန်လိုင်းပေါ်တက်ရင်း “ဂိုင်းပင်ရွာ (ဂူပင်ရွာ) ဘုန်းတော်ကြီးသင်စာသင်ကျောင်း”
ဆိုတဲ့ပိုစ့်လေးကိုဆိုဒ်မှာတွေ့ ခဲ့ရတယ်ဗျ။ပိုစ့်လေးကိုဖတ်ပြီး တော်တော်လေးလည်းစိတ်မကောင်းဖြစ်မိတယ်ဗျာ။
အဲ့ပိုစ့်လေးဖတ်ပြီးပြီးချင်းကတည်းကသွားလှူဖို့ ဆန္ဒကလည်းထက်သန်ခဲ့တယ်။ဒါပေမယ့်အထမမြောက်သေးဘူး။
တစ်နေ့ ကျတော့ ကျွန်တော် အဲ့သတင်းလေးကိုပို့ ပေးတဲ့ ကိုဖိုးကျော်နဲ့ ဖုန်းအဆက်အသွယ်ရခဲ့တယ်။
ဘယ်တတ်နိုင်မလဲဗျာ။ကျွန်တော်လည်းကိုဖိုးကျော်ကိုလောရတာပေါ့ဗျာ။ကိုဖိုးကျော်ခမျာလည်းလုပ်ပေးရှာပါတယ်ဗျာ။
သူ့ အလုပ်တွေကြားထဲကနေ (၁၂.၁၁.၂၀၁၁) မှာ ကျွန်တော့်ကို ၈ မိုင် Lucky Seven
မှာချိန်းတယ်ဗျ။ဘိုင်ပင်ရွာလေးနဲ့ ပက်သက်ပြီးတော့အောက်ပါအတိုင်းရှင်းပြပေးခဲ့ပါတယ်။
မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့ နယ်၊မင်းကန်ကျေးရွာအုပ်စုအတွင်းရှိ၊တောစုကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ 
ရွာလေးနာမည်ကဘိုင်ပင်ရွာလေးဖြစ်ပါတယ်ဗျ။ခရီးစဉ်ကတော့ ကျွန်တော်တို့ ပထမဆုံးအနေဖြင့်မန္တလေး
ကိုသွား..အဲ့ကမှကြာနီကန်လမ်းအတိုင်းသွားရပြီး တောစုရွာလေးကိုရောက်မှာဖြစ်ပါတယ်။
ကျွန်တော်အခုပြောမယ့် ဘိုင်ပင်ရွာလေးကတော့တောင်ပေါ်ဒေသလေးပေါ့ဗျာ။တောစုကျေးရွာလေးနဲ့ ဆို၎
မိုင်ကျော်ကျော်လောက်ဝေးပါတယ်။တောင်ပေါ်ကိုကတော့လမ်းလျှောက်တက်ရတာပါ။ကိုဖိုးကျော်တို့ 
သွားတုန်းကတော့ လှည်းတစ်တန် ကုန်းကြောင်းတစ်တန်(လမ်းလျှောက်ရတာကို)ပြောတာနော်။
အခုအချိန်တော့ တော်တော်အဆင်ပြေသွားပြီလို့ ပြောပါတယ်။လမ်းခရီးကလည်းအရင်လိုမခက်ခဲတော့ပါဘူး။
လွန်ခဲ့သောနှစ်နှစ်ကျော်ကဆို အဲ့ရွာက ကလေးတွေကစာသင်ခွင့်မရရှိခဲ့ကြပါဘူး။ကျေးဇူးရှင်
ဝါးခင်းကုန်းဆရာတော်ဦးတိက္ခ နဲ့ တောစုရွာ ကျောင်းအုပ်ကြီး ဦးကံလွင်တို့ ရဲ့ ကူညီဖေးမမှုကြောင့်
ကလေးတွေကိုစာသင်ပေးနိုင်ခဲ့တယ်ဗျ။စိတ်မကောင်းဖြစ်မိတဲ့တစ်ချက်ကတော့ဗျာ..အသက်
၁၂ နှစ်လောက်ရှိတဲ့ကျောင်းသူ၊ကျောင်းသားလေးတွေက အခုမှနှစ်တန်းစာကိုသင်နေရတုန်းပဲရှိသေး
တယ်တဲ့။နောက်ပြီး စာသင်နေတဲ့ကလေးတစ်ချို့ ကအခုချိန်ထိ အစိုးရစာမေးပွဲကိုဖြေဆိုခွင့်မရသေးတာပါ။
ခေတ်စကားနဲ့ ပြောရရင် ဘကကျောင်းအဖြစ်မပြောင်းလဲနိုင်သေးတာပါ။အဲ့ကျောင်းလေးကို
ဆရာတော်က ကျောင်းဆရာလေးတစ်ယောက်ကို လစာ ၂၀၀၀၀ ပေးပြီးဒါနပြုဖို့ အကူအညီတောင်းရာမှ
..ဆရာလေးကတောင်ပေါ်တောင်အောက် ၄ မိုင်ဝေးတဲ့  ခရီးကိုခေါက်တုန့် ခေါက်ပြန်ခြေလျှင်တက်ဆင်းပြီး
စာသင်ပေးနေတာပါ။ကျွန်တော်တို့ တွေ တစ်သက်လုံး ပရဟိတလုပ်လာတာသူကို တော့မမှီသေးနိုင်ပါဘူး။
သူ့ ရဲ့ ဇွဲလုံ့ လလေးကိုတကယ်ပဲလေးစားမိပါတယ်..ဆရာတော်ရဲ့ သပိတ်ကတော့သူ့ အတွက်ထမင်းအိုးကြီးပါဗျာ။
ဆရာတော်ကမိုးတွေရွာလို့ ဆွမ်းခံမထွက်ဖြစ်ရင်တော့ ပဲပြုတ်လေးနဲ့ ဆားလေးနဲ့ စားရတာပေါ့ဗျာ။
ခက်တာက သူကလည်းကျောင်းမပီးသေးဘူးလေ။ကျောင်းတက်နေဆဲပေါ့ဗျာ။ဆရာတော်ကလည်း
ဒီလကုန်ရင်သူလည်း လစာပေးဖို့ မတတ်နိုင်တော့ဟုပြောကြားကြောင်းသိရသည်။ကလေးတွေရဲ့
ပညာရေးကရင်လေးစရာတွေပေါ့ဗျာ။ဆရာတော်ဦးတိက္ခကလည်း ဘိုင်ပင်ဂူအနီးမှာရှိတဲ့
သဘာဝလိုင်ဂူကြီးထဲမှာပဲ သီတင်းသုံးတာပါ။ဂူအတွင်းမှာရှိတဲ့ ရှုခင်းကလည်းတကယ်ပဲအေးချမ်းသာယာ
လှပါတယ်။ကိုယ်တိုင်မြင်ရရင် ပိုပြီးကြည်နူးမိမှာပါ။ဘိုင်ပင်ဂူရွာလေးကပညာလေးနဲ့ 
ပက်သက်ပြီးအခက်အခဲတင်မဟုတ်ဘူးနော်၊ အဓိကအရာတစ်ခုဖြစ်တဲ့ရေ အခက်အခဲမှာလည်း
ဆိုးရွားလှပါတယ်ဗျာ။ဘိုင်ပင်ဂူရွာသူ၊ရွာသားတွေဆိုရင် သဘာဝဂူကြီးနဲ့ တစ်မိုင်ခန့် ဝေးတဲ့
တောင်ကျစမ်းရေကိုသာ အဓိကအားကိုးနေရတာပေါ့ဗျာ။တချို့ ဆိုကိုဖိုးကျော်တို့ သွားတုန်းကဆို
ရေတောင်မချိုးနိုင်ဘဲညစ်တီးညစ်ပတ် သဘာဝအလှလေးတွေနဲ့ တဲ့။နောက်ပြီး ဆရာတော်တို့
ဆောက်ပေးထားတဲ့စာသင်ဆောင်လေးကလည်းချို့ တဲ့လှပါတယ်။အခန်း ၂ ခန်း၊၃
ခန်းမြေစိုက်လေး၊ထရံကာ၊သက်ကယ်မိုးလေးနဲ့ ပါဗျာ။ကျောင်းကိုလစာထောက်ပံ့မှုဖြင့်
စာသင်ပေးနေတဲ့ဆရာလေးနေဖို့ က အခန်း ၁ခန်း ပတ်လည်(ကင်းတဲပုံစံ)ထရံကာ၊၀ါးခင်း၊သက်ကယ်မိုး
သုံးဘက်သာကာထားပြီး တံခါးပိတ်မပါတဲ့အဆောင်လေးနဲ့ ပေါ့ဗျာ။တကယ်ပါဗျာ..ရှိတာလေးနဲ့ 
ဖြစ်သလိုလေး ကြိုးစားနေရတာပါဗျာ။အခုလိုမျိုး မျှစ်ချိုး၊၀ါးခုတ်ပြီး ၀မ်းစာအတွက်အသည်းအသန်
ရှာဖွေနေရပြီး ပညာရေးလမ်းကြောင်းတွေမှာ ဒုက္ခပင်လယ်တွေဝေနေတဲ့ သူတို့ ရဲ့ ဘ၀လေးတွေကို
လက်ပိုက်ပြီးကြည့်နေတော့မှာလားဗျာ။ မိုးတွင်းဆို မိုးကရွာ ချမ်းကလည်းချမ်း
မလုံမခြုံဖြစ်နေတဲ့ စာသင်ဆောင်လေးကိုရော မမွမ်းမံပေးချင်ဘူးလားဗျာ။ တစ်မိုင်လောက်ဝေးတဲ့နေရာကို
ခက်ခက်ခဲခဲသွားရေသွားခဲ့ပြီး..ရေကိုတောင်လုံလုံလောက်လောက်မသုံးနိုင်တဲ့ သူတို့ ဘ၀လေးကိုရော
မကူညီချင်ဘူးလားဗျာ။ကျွန်တော်တကယ်ပဲဝမ်းနည်းမိတယ်ဗျာ…ဒီစာလေးကိုရေးနေရင်းနဲ့ တောင်။
ဘိုင်ပင်ရွာမှာရှိတဲ့ကျောင်းသူ၊သားလေးတွေကိုရော အစိုးရကျောင်းမှာတက်ဖို့ အတွက်နဲ့ ..
သူတို့ ရဲ့ အနာဂတ်လေးတွေအတွက် အလင်းရောင်တွေရော …မပေးချင်ဘူးလားဗျာ။
တတ်နိုင်ရင်ကူညီကြပါဗျာ။ကျွန်တော်တစ်ကယ်ဖြစ်စေချင်တဲ့ဆန္ဒကတော့ဗျာ..ကျွန်တော်သိတဲ့
ပရဟိတအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ မယ်..ဒီအကြောင်းလေးကိုရှင်းပြမယ်..အဲ့ရွာလေးကိုရောက်ဖူးတဲ့..
ကိုဖိုးကျော်ကိုအကူအညီတောင်းပြီးပေါ့ဗျာ..ပြီးတော့ဆိုဒ်အသီးသီးကနေ အလှူငွေတွေကောက်
၊ကျောင်းသုံးပစ္စည်းလေးတွေဝယ်၊ရှိစုမှတ်စု သတင်းစာလေးတွေ၊ရွှေသွေးလေးတွေသယ်၊ Unicef
ကနေချပေးတဲ့ အခမဲ့ မြေစစ်အိုးလေးတွေတောင်း၊ကိုယ်နဲ့ သိတဲ့ဆရာဝန်လေးတွေပေါင်းပြီး၊ကျန်းမာရေး
အသိပညာပေးပွဲလေးတွေလုပ်၊စာသင်ဆောင်လေးကိုလည်း၊တတ်စွမ်းသလောက်လေးမွမ်းမံ၊
အခက်အခဲဖြစ်နေတဲ့ရေဒုက္ခလေးရယ်ကို ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ
ကူညီလိုက်ရအောင်လားဗျာ။ နောက်တစ်ခုက ကျွန်တော်တို့ အနေနဲ့ ဘိုင်ပင်ဂူမှာစာသင်ပေးဖို့ အတွက်
ကျောင်းဆရာတစ်ယောက်ကိုသာ အခြေကျကျ ခန့် အပ်ပေးနိုင်ရင် ဘိုင်ပင်ဂူရှိ ဘကကျောင်းလေးမှာရှိတဲ့
ကျောင်းသားတွေဟာ အစိုးရစာမေးပွဲတွေကိုဖြေဆိုနိုင်မှာဖြစ်ပြီး သူတို့ ရဲ့ အနာဂတ်ခရီးလမ်းမှာလည်း
အရင်ကထက်ပိုပြီး ထွန်းလင်းတောက်ပလာမှာကိုကြိုတင်မှန်းဆ တမ်းတပြီး
ဝမ်းသာပီတိကျွန်တော်ဖြစ်မိပါတယ်ဗျာ။စကားပုံတောင်ရှိသေးတာပဲ..တစ်ယောက်အားနှင့်ယူသော်မရ
တစ်သောင်းအားနှင့်ယူသော်ရဧ။် ဆိုတဲ့ဟာလေး။ပရဟိတအဖွဲ့ တွေအများကြီးရှိတာပါဗျာ..
နာမည်လေးပဲကွဲတာပါ..အားလုံးစုစုစည်းစည်းလေးနဲ့ ထိထိရောက်ရောက်
သွားပြီးကူညီလိုက်ကြရအောင်လားဗျာ။ပရဟိတခေါင်းဆောင်တွေနဲ့ လည်းဆွေးနွေးပွဲလေးတစ်ခုလောက်တော့
လုပ်ဖြစ်ဦးမှာပါ။အားလုံးတက်ရောက်ပေးမယ်လို့ လည်းယုံကြည်ပါတယ်ဗျာ။ကျွန်တော်ကတော့ဗျာ..ကိုယ့်ထမင်း
ကိုယ်စားပြီးသူများပြောရင်လည်းခံမယ့်သူပါ..မသန့် ရှင်းတဲ့ရေတွေသောက် ရောဂါတွေရပြီး သောကတွေဝေနေမယ့်
အဖြစ်မျိုးတွေ၊မလုံမခြုံ စာသင်ဆောင်လေးမှာ တုန်တုန်ရီရီနဲ့ စာသင်နေရတဲ့
မြင်ကွင်းတွေ၊၀ါးခုတ်၊မျှစ်ချိုးရင်းနဲ့ ပဲတောထဲမှာ အဆုံးသတ်သွားရမယ့်ဘ၀တွေ သူတို့ ကိုတော့
မရစေချင်ဘူးဗျာ။ဖြစ်နိုင်တော့ တတ်နိုင်သလောက်လေးပါဝင်ကူညီကြပါလို့ ကျွန်တော် တို့
IT_Youth_Donation အဖွဲ့ မှ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ။
ဘိုင်ပင်ဂူ (ဂူပင်ရွာ) မှကလေးငယ်များစာသင်နေကြပုံ
ဘိုင်ပင်ဂူရွာလေး၏အနေအထား
လုပ်အားဖြင့်သော်၎င်း၊ငွေအားဖြင့်သော်၎င်းပါဝင်ကူညီမည်ဆိုပါက mail account များကို Comment
တွင်ရေးပေးကြပါရန် ပန်ကြားအပ်ပါတယ်ဗျာ။ (သို့မဟုတ်) it.youth.donations@gmail.com
kaung42@gmail.com
lwanpaishin@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အဖွဲ့ကိုယ်စား လေးစားလျှက်
0 comments:
Post a Comment