ပထမဆုံးအကြိမ်
IT_Youth_Donation အဖွဲ့ လေးကို ဒီဇင်ဘာ ၂၂ ရက် ၂၀၁၀ မှာစတင်ဖွဲ့ စည်းခဲ့တာပါ။
ကျောင်းသားအများစုနဲ့ ဖွဲ့ စည်းထားတာပါ။အဖွဲ့ ရဲ့ ပထမဆုံးအလှူလေးကိုတော့
တောင်ငူမြို့ ထဲမှာရှိတဲ့၊အသောကမိဘမဲ့ကျောင်းမှာ သွားရောက်လှူဒါန်းဖို့ တိုင်ပင်ခဲ့ကြတယ်။
ကျွန်တော်ကတော့ အခုမှစတာဆိုတော့ ဖြစ်ရောဖြစ်ပါ့မလားလို့ စိတ်ပူနေရတာပေါ့ဗျာ။
အဖွဲ့ သားတွေအားလုံးက သဒ္ဒါတရားတော်တော်လည်းထက်သန်တာကိုတွေ့ တော့
ကျွန်တော်ပျော်လို့ မဆုံးဘူးဗျ။ အလှူလုပ်ပီဆိုတော့ ဘုန်းကြီးကိုသွားလျှောက်ရတာပေါ့ဗျာ။
ပြီးတော့မှ ကျောင်းမှာရှိတဲ့ကလေးအရေအတွက်နဲ့ လိုက်ပီး စာရေးကိရိယာလေးတွေ ၊
မုန့် တွေ၊အချိုရည်တွေဝယ်ပေါ့ဗျာ။ အဖွဲ့ ဝင်တွေအကုန်လုံးကလည်းတက်တက်ကြွကြွရှိကြပါတယ်။
ကျွန်တော်တို့ ရဲ့ အလှူလေးကို ဖေဖေါ်ဝါရီလ ၁၃ရက်နေ့  နေ့ လည်ပိုင်းမှာ စတင်ပြုလုပ်ခဲ့ပါတယ်။
အဖွဲ့ ရဲ့ ပထမဆုံးအနေနဲ့ ရေစက်ချ တရားနာပြီး၊ဘုန်းကြီးတွေကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆွမ်းဆပ်ကပ်
လှူဒါန်းခဲ့ပါတယ်။ မိဘမဲ့ကလေးတွေကိုတော့နေ့ လည်စာကျွေး၊ပြီးတော့ ရေခဲမုန့် တွေ၊မုန့် တွေဝေ၊
အချိုရည်တွေတိုက်နဲ့ ကလေးတွေခမျာ တော်တော်လေးလည်းပျော်ရှာပါတယ်။အဖွဲ့ ရဲ့ ပထမဆုံး
လှုပ်ရှားမှုကိုတော့ ညနေ ၃ နာရီခန့် မှာအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒီအစီအစဉ်လေးဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးကြသော တောင်ငူကွန်ပျူတာ
တက္ကသိုလ်မှ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အဖွဲ့ ကိုယ်စားဂုဏ်ယူဝမ်းမြောက်မိပါ
ကြောင်း ရေးသားလိုက်ပါတယ်ဗျာ။


1:05 PM
IT_Youth_Donation
Posted in:
0 comments:
Post a Comment