" IT_Youth_Donation သို့ အဖွဲ့ နှင့်ပက်သက်ပြီး အသေးစိတ်သိလိုသူများ၊ အလှူငွေပါဝင်လှူဒါန်းချင်သူများအနေဖြင့်အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်။ နတ်သားလေး - 0973083241 လွမ်းပိုင်ရှင် - 0943136207။"

Friday, November 18, 2011

IT_Youth_Donation ရဲ့ဒုတိယမြောက်အလှူမှတ်တမ်း



ဒုတိယအကြိမ်

IT_Youth_Donation ရဲ့ ဒုတိယအကြိမ် လှုပ်ရှားမှုကိုတော့ သြဂုတ်လ ၃၁ရက်နေ့ မှာ


လုပ်ခဲ့ပါတယ်။အဖွဲ့ ဝင်တစ်ယောက်ရဲ့ မွေးနေ့ နဲ့ လည်းတိုက်နေတာကြောင့် ပထမဆုံးလှူဖြစ်တဲ့တောင်ငူမြို့ 


ထဲက အသောကမိဘမဲ့ကျောင်းမှာပဲ လှူဒါန်းဖြစ်ပါတယ်။ဒီအလှူလေးကတော့ တော်တော်လေးပီတိ၊


ဖြစ်စရာကောင်းပါတယ်။မွေးနေ့ ရှင် စည်သူကိုယ်တိုင်ကပါ ကျွန်တော်နဲ့ မိုးရွာထဲလိုက်ပီး အလှူ


အတွက် ပစ္စည်းတွေကို လိုက်ဝယ်ပေး၊လိုက်သယ်ပေး၊အဖွဲ့ ထဲကလူတွေကလည်းပြောစရာမရှိအောင်


တက်တက်ကြွကြွနဲ့ ပါဝင်အားဖြည့်ကြပါတယ်။ ဒီနေ့ အလှူကိုတော့ မနက်ပိုင်လေးရွေးပီးတော့


လုပ်လိုက်ပါတယ်၊ဒီနေ့ က ၃၁ လေ၊လကုန်ပီဆိုတော့လည်း ကျောင်းသားတွေကထုံးစံအတိုင်းပြန်ဖို့ 


ရှိသေးတယ်လေ။ကျောင်းကဘုန်းကြီးတွေကိုတော့ မနက်ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းတွေပေါ့ဗျာ၊


ကျောင်းမှာလည်း ကိတ်မုန့် လှီးတဲ့သူကလှီး၊အချိုပွဲပြင်တဲ့လူကပြင်ပေါ့ဗျာ၊ဒီတစ်ခါကတော့


တကယ်လုပ်နေကြတာပါ။နေ့ လည်လောက်ကျတော့ ကလေးတွေကျောင်းကပြန်ရောက်လာတာနဲ့ 


ကလေးတွေကို ထမင်းကျွေး၊ထုံးစံအတိုင်း မုန့် တွေဝေ၊အအေးတွေတိုက်ပေါ့ဗျာ၊ပြီးတော့


ကလေးတွေနဲ့ ဓာတ်ပုံတွေရိုက်၊စာတွေဆိုခိုင်းပေါ့ဗျာ၊မွေးနေ့ ရှင်ကိုကြည့်လိုက်တော့ မျက်မှာကြီးက


ဇကောလောက်ရှိတယ်၊ပီတိတစ်ခွဲသားနဲ့ ပေါ့။နေ့ လည် ၂ နာရီလောက်မှာ ဒုတိယအကြိမ်မြောက်


အလှူလေးက အောင်အောင်မြင်မြင်နဲ့ ပြီးစီးသွားပါတယ်။


ဒုတိယအကြိမ်မြောက်အလှူလေးဖြစ်မြောက်ရေးအတွက် အဖက်အဖက်မှကူညီပေးသော


သူငယ်ချင်းများနှင့် အလှူသို့ တက်ရောက်ပေးသော ဆရာ၊ဆရာမအားလုံးကိုလည်းအဖွဲ့ ကိုယ်စား



ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းရေးသားလိုက်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
အလည်လာရောက်သူ မိတ်ဆွေများ ကျန်းမာပါစေ ချမ်းသာကြပါစေ လို့ ဆုတောင်းပေးပါတယ်။